“ဟိုမှာက ကျန်းမာရေးကို အမြဲတမ်း မစစ်မနေရ စစ်ပေးနေတော့ ကိုယ့်မှာ ဘာရောဂါမှ မရှိဘူးဆိုတာ သိနေတော့ အလုပ်မှာ မပျော်လည်း စိတ်ရှင်းတယ်။ အခု မြဝတီမှာက ဘာမှမလုပ်ပေးတဲ့ အပြင် သွေးစစ်ဖို့ ခွင့်တောင်းရင်တောင် ရက်ပျက်ခ ၅ သောင်း ပြန်လျော်ရတယ်။ ကိုယ့်မှာ ဘာဖြစ်နေလဲ ဆိုတာလည်း ကိုယ်မသိတော့ တခါတလေ အားငယ်မိတာပေါ့” လို့ သက်ထားက စိတ်မသက်မသာဟန်နဲ့ ရှင်းပြပါတယ်။
မန္တလေး မြို့နယ်သုံးခုတွင် ART ဆေး အခမဲ့ပေးမည်
မြန်မာ တစ်နိုင်ငံလုံးတွင် ART ဆေးသောက်သုံး ကုသသူ ဦးရေသည် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းကျော် ၏ ၄၃ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းကျော်၏ ၄၈ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းကျော်၏ ၆၁ ဒသမ ၃ ရာခိုင်နှုန်းတို့ ရှိကြောင်း အဆိုပါ အဖွဲ့ စာရင်းများအရ သိရသည်။
PLHIV များ၏ စိတ်ဓါတ်ခွန်အားကို စက်ဘီးစီးမြှင့်တင်နေသူ လားရှိုးရောက်ရှိ
မြန်မာနိုင်ငံမှ PLHIV (People living with HIV) အိတ်ရှ်အိုင်ဗွီ ကူးစက်ဝေဒနာ ခံစားနေရသူများ၏ စိတ်ဓါတ် ခွန်အားကို မြှင့်တင် လို၍ မြန်မာနိုင်ငံ တစ်ဝှမ်းသို့ စက်ဘီးစီးနင်းရခြင်း ဖြစ်သည်ဟု တစ်ကိုယ်တော် စက်ဘီးစီးနင်းသူ H.I.Vရောဂါသည် ကိုစရကိုမှ ဇန်န၀ါရီလ (၂၈) ရက်နေ့က လားရှိုးမြို့သို့ ရောက်ရှိစဉ် ပြောကြားလိုက်သည်။
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် လမ်းလျှေက်ပွဲ ကျင်းပ
မြန်မာနိုင်ငံမှာ HIV ရောဂါဝေဒနာရှင်ပေါင်း ၂ သိန်းခွဲဝန်းကျင် ရှိနေတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက ခန့်မှန်းပါတယ်။ ကမ္ဘာပေါ်က အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်အယောက် ၂ သန်းဟာ HIV ရောဂါပိုး ကူးစက်ခံနေရပြီး အများအားဖြင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ မရဘူးလို့လည်း ဆိုပါတယ်။ ၂၀၁၂ ခုနှစ် အတွင်းမှာ ကလေးသူငယ် ၂ သိန်း ၁ သောင်းဟာ AIDS ရောဂါကြောင့် သေဆုံးကြောင်း WHO က ထုတ်ပြန်ထားပါတယ်။
HIV ဝေဒနာ ရှင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်ဆိုင်းရန် NLD မှ တောင်းဆို
လုပ်ငန်းခွင်မှ ၀န်ထမ်းများကို အိပ်ခ်ျအိုင်ဗွီပိုး တွေ့ရှိရုံဖြင့် အလုပ်မှ ထုတ်ပယ်ခြင်း အပါအ၀င် ဝေဒနာရှင် များအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်ဆိုင်းရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS Section မှ ဒီဇင်ဘာ ၁ ရက်က NLD ရုံးချုပ်၌ ကျင်းပခဲ့သည့် World AIDS Day ၂၀၁၃ အထိမ်းအမှတ် အခမ်းအနားတွင် ကြေညာချက်တစ်ခု ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။
မြေနိမ့်ရာ လှံစိုက်သလို မဖြစ်ဖို့ အားလုံးမှာ တာဝန်ရှိတယ်
တရားဝင် ရပ်တည်ခွင့် မရှိတာကြောင့်ဘဲ လိင်အလုပ်သမတွေဟာ ဥပဒေရဲ့ အကာအကွယ်ကိုမရဘဲ နေရာစုံမှာ ဖိနှိပ်မှုနဲ့ ကြုံ တွေ့နေရသလို၊ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း မရရှိပါဘူး။ ဒါ့ကြောင့် HIV ကူးစက်ပြန့်ပွားမှုဖြစ်စေတဲ့ အဓိက ဦး တည် အုပ်စု ၃ မျိုးအနက် တခုအပါအ၀င်ဖြစ်တဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေကတဆင့် ရောဂါကူးစက် ပြန့်ပွားမှုတွေလည်း ဖြစ် ပေါ်နေဆဲပါ။
မှောင်မိုက်မှာငို ကမ္ဘောဒီးယား မိန်းမပျိုတို့ ဘဝ
လာမည့် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးနေ့ အတွက် ရည်ရွယ်ပြီး ကမ္ဘောဒီးယားနိုင်ငံမှာ အမျိုးသမီးများ အကြမ်းဖက်ခံရမှု၊ ကမ္ဘောဒီးယား ပြည့်တန်ဆာ အမျိုးသမီးများရဲ့ အခြေအနေကို ရေးသားထားတဲ့ ယခုဆောင်းပါးကို ဖော်ပြအပ်ပါတယ်။
လူမှုထောက်ပံ့ရေး စီမံချက်
AIDS ရောဂါဆိုးကြီးသည် လူ့အဖွဲ့အစည်းတွင် မိသားစု များစွာကို ရက်စက်စွာ ခွဲထုတ် ဝါးမျိုလျက် ရှိသည်။ လွန်ခဲ့သော (၂၇) နှစ်ကျော် ကာလကတည်းက သန္ဓေတည် လာသော HIV ရောဂါပိုးသည် မိမိတို့ ဝင်ရောက် ခိုကပ်နေသော သူများ၏ အသက်ဇီဝိန်ကို ဆွဲနှုတ်ယူငင်သွားသောအခါ ၎င်းတို့၏ ကလေးငယ် များသည် လောက အလယ်တွင် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ကြ ပါသည်။
ကျွန်မသာ ညဥ့်ငှက် တစ်ကောင်ဆိုရင် ရှင်လက်ထပ်မလား
ကျွန်မဟာ မိန်းမပျက် တစ်ယောက်လို့ သူသိသွားတဲ့ အချိန် သူ့အပြုအမှုတွေ ဘယ်လို ပြောင်းသွားမလဲ…? ကျွန်မ မတွေးဝံ့ဘူး။ ကံကြမ္မာနဲ့ မလောင်းဝံ့ဘူး။ ကျွန်မတို့ရဲ့ လှပခဲ့တဲ့ ညတစ်ညနဲ့ အချစ်တွေကို သူ့ရင်မှာ ထာဝရ တည်ရှိနေပါစေ…။ ကျွန်မကို သူချစ်တယ်လို့ ယုံကြည်မိပေမယ့် “ကျွန်မသာ ညဥ့်ငှက်တစ်ကောင် ဆိုရင် သူလက်ထပ်မလား” ဆိုတဲ့ အဖြေကိုတော့ ကျွန်မ ခုထက်ထိ သိချင်နေဆဲပါပဲ။
ART ဆေးဝါးများ စဉ်ဆက်မပြတ် ရရှိရေးနှင့် ခွဲခြားနှိမ့်ချ ဆက်ဆံမှုများ မရှိစေရေး ဆောင်ရွက်ပေးရန် လွှတ်တော် ကိုယ်စားလှယ်များအား HIV ဝေဒနာရှင်များ တောင်းဆို
အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များအတွက် ART ဆေးဝါးများ စဉ်ဆက်မပြတ် ရရှိနိုင်ရေး၊ ခွဲခြား နှိမ်ချ ဆက်ဆံမှုများ မရှိစေရေးနှင့် အရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုများ ပိုမိုရရှိနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ ကညီဆောင်ရွက်ပေးနိုင်ရန် အတွက် အိတ်ခ်ျအိုင်ဗီ ဝေဒနာ ရှင်များက အသိပေး တောင်းဆို သွားမည် ဖြစ်ကြောင်း သိရသည်။
HIV ဝေဒနာရှင်တွေ အတွက် ဆေးဝါးရရှိမှု မလုံလောက်တဲ့ သတင်း
လတ်တလောမှာ HIV ဝေဒနာရှင်တွေ အတွက် HIV တားဆီး ကာကွယ် တိုက်ဖျက်ရေးတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေမှလည်း INGO တွေနဲ့ ချိတ်ဆက်ကာ ဆေးဝါးများ ပေးဝေနေပြီး အစိုးရဆေးရုံများမှ ခုခံကျ ကာလသား တိုက်ဖျက်ရေး စီမံချက် (National AIDS Program) တွေမှာလည်း ဆက်သွယ်ကာ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေကို ရရှိနိုင်ကြောင်း သိရှိရတယ်လို့ သတင်းရရှိပါသည်။
HIV/AIDS ဝေဒနာရှင် တစ်ထောင်ကို အေအာရ်တီဆေး အခမဲ့ထောက်ပံ့
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လူနာများအနေနှင့် အေအာရ်တီဆေးကို အခမဲ့ရရှိသော်လည်း ဓာတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ခြင်းနှင့် ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ရသည့် အခါ ရက်အနည်းငယ် ကြာမြင့်သည့်အတွက် ရပ်ဝေးမှ ဝေဒနာသည်များ အတွက် မုံရွာမြို့တွင် လာရောက် ကုသချိန်တွင် နေရေးထိုင်ရေးမှာ အခက်အခဲ ဖြစ်နေ ရကြောင်း ဝေဒနာသည် အချင်းချင်း ရိုင်းပင်း ကူညီရေး အဖွဲ့တွင် ပါဝင်သည့် ဝေဒနာရှင် အမျိုးသား တစ်ဦးက ပြောကြားသည်။

Follow me on: