“NGO တွေနဲ့ INGO တွေက အချိန်တန်ရင် အိမ်ပြန်ကြမှာ၊ ပြည်တွင်း အဖွဲ့အစည်းတွေပဲ ကျန်ခဲ့မယ်၊ အရင်တုန်းက HIV/ AIDS တားဆီးရေး လုပ်ငန်းတွေမှာ ကျနော်တို့က အစိုးရကိုပဲ လက်ညှိုး ထိုးနေတယ်လို့ အပြောခံခဲ့ ရတယ်၊ အားမရလို့ ပြောနေရတာ၊ အခု အစိုးရက တာဝန်ယူမယ် ဆိုတော့ ကျနော်တို့ ဝိုင်းကူ ရမှာပေါ့” ဟု ၎င်းက ပြောသည်။
AIDS ရဲ့ ဂယက် (၂)
ဆရာဝန်တွေ ထင်ယောင်ယောင် ရှိနေတာကို ထုံးစံအတိုင်း AIDS ရောဂါနဲ့ ပတ်သက်တဲ့ အသစ်အဆန်း သတင်း ငတ်နေကြသူ စာနယ်ဇင်း သမားတွေက ရေးကြီးခွင့်ကျယ် သတင်း တစ်ခုအဖြစ်နဲ့ ထည့်လိုက်တော့ ပြဿနာ တက်စရာ ဖြစ်လာတာပေါ့။ နောက်တစ်ခါပိုပြီး အထင်မှားစရာ ဖြစ်လာတာကတော့ AIDS ရောဂါပိုး သွေးစစ် သုတေသနက တွေ့ရှိချက်ပဲ။ အဲဒီ အချိန်လောက်မှာ AIDS ဗိုင်းရပ်စ်ပိုး ရှိ-မရှိ စစ်လို့ရလာတယ်။
HIV ပိုးပျောက်ကင်းအောင် ကုသနိုင်တော့မည့် ကလေးငယ်များ
သူမမွေးပြီးပြီးချင်းမှာ AZT, 3TC နဲ့  nervirapine “နက်ဗရာပိုင်း ” ဆေးတွေကို ဆရာဝန်တွေက တိုက်ကြွေးခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီဆေးတွေဟာ လူကြီးတွေကိုသာ တိုက်ကြွေးတာ ဖြစ်ပေမယ့် HIV ရောဂါပိုး ကင်းစင်သွားတဲ့ ဒီကလေးငယ်ဟာ ဒီလို ဆေးတွေကို ဆက်သောက်ရဦးမှာ ဖြစ်ပါတယ်။ မွေးကတည်းက HIV ရောဂါပိုးပါလာတဲ့ ကလေးငယ် နောက်ထပ် (၅၀) ဦးကိုလည်း သူတို့ မွေးဖွားပြီးပြီးချင်း (၄၈) နာရီအတွင်း အခု ကလေးငယ်လိုပဲ ဆေးဝါးတွေ စမ်းသပ်တိုက်ကျွေးပြီး ကုသဖို့ စီစဉ်နေတယ်လို့ ဒီဆရာဝန်အဖွဲ့က ပြောကြားခဲ့ပါတယ်။
HIV ဝေဒနာရှင်တစ်ဦးမှ ခုခံအား ကျဆင်းမှုရောဂါ အကြောင်း စက်ဘီးစီး၍ မြန်မာ တစ်ပြည်လုံးသို့ ရင်ဖွင့်ပြောကြားသော ခရီးစဉ်
မကွေးမြို့ ဈေးလယ်စိုးရပ်ကွက်၊ ဂရုဏာရှင်များ နာရေးကူညီမှု အသင်း (မကွေး) ၌ မတ် (၈) ရက်၊ နေ့ (၉း၄၀) မှ (၁၀း၄၀) နာရီ အချိန်ခန့်တွင် နာယက ဆရာတော် ဦးသာသနနှင့် အဖွဲ့ဝင် (၃၀) ခန့်တို့သည် HIV ဝေဒနာရှင် တစ်ဦးမှ စက်ဘီးစီး၍ မြန်မာ တစ်ပြည်လုံးသို့ ခုခံအား ကျဆင်းမှုရောဂါအကြောင်း ရင်ဖွင့်ပြောကြားသော ကိုစရကို Srako (၃၅) နှစ်၏ ဟောပြောဆွေးနွေးပွဲ ကျင်းပကြောင်း သတင်းရရှိသည်။
AIDS နှင့် မြန်မာ (၇)
AIDS ဟာ ဂေးတွေ ဖြစ်တဲ့ ရောဂါပဲလို့ ထင်နေကြတုန်းပဲလား။ လွန်ခဲ့တဲ့ ၆-၇ နှစ်က နယူးယောက်မြို့မှ မူးယစ်ဆေးထိုးသူ လူငယ်တစ်ဦးကို AIDS အကြောင်း သိကောင်းစရာတွေ ပညာလာပေးတော့ ဟေ့ ကျွန်တော် ဂေး မဟုတ်ဘူး။ AIDS နဲ့ ပတ်သက်ပြီးတော့ O.K မှာ ပြနေတာလို့ ပြောတယ်။ သူ့အန္တရာယ် သူမသိဘူး။ ပညာပေးရာမှာလည်း ထိရောက်ဖို့ရာက နည်းပရိယာယ်တွေ သုံးရဦးမှာ၊ ပါးနပ်စွာနဲ့ လိုရာကို မရောက် ရောက်အောင် သိမ်မွေ့စွာ ချဉ်းကပ်ဖို့ လိုတဲ့အခါ မျိုးလည်း ရှိတယ်။
AIDS ရောဂါ ပျောက်နိုင် ခြေလမ်းစပေါ်လာ
AIDS ရောဂါကို ပျောက်ကင်းအောင် လုပ်ပေးနိုင်မယ့် လမ်းစပေါ်လာတဲ့ ကုထုံး ၂ ခု တွေ့ရှိတဲ့အပေါ် အမေရိကန် သိပ္ပံပညာရှင်တွေ အာရုံစိုက်နေကြပါတယ်။ HIV ပိုး ကူးစက်နေတဲ့ လူနာ တဒါဇင်ထံက သွေးနမူနာကို ထုတ်ယူပြီး HIV ပိုးကို တွယ်စေတဲ့ ပရိုတိန်းဓါတ်ကို ဖယ်ရှားပေးတဲ့နည်းကို အသုံးပြုခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံက နံမည်ကျော် New England ဆေးပညာဂျာနယ်မှာ ဖော်ပြထားတာပါ။
MSF ကို ခေတ္တ ရပ်နားထားပေမဲ့ ရခိုင်ပြည်နယ် အတွင်းက HIV/AIDS လူနာ (၇၀၀) ကျော် အတွက် ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက် တာဝန်ယူမည်
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ခေတ္တ ရပ်နားထားပေမဲ့ ရခိုင်ပြည်နယ် အတွင်းက (HIV/AIDS) လူနာ (၇၀၀) ကျော် အတွက် ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက် တာဝန်ယူကာ (ART) ဆေးဝါးထောက်ပံ့မှုတွေကို ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
AIDS နှင့် မြန်မာ (၃)
AIDS ကာကွယ်ရေး အတွက်တော့ မြန်မာမှာလည်း အခြားနိင်ငံများနည်းတူ AIDS အတွက် စီမံကိန်းတွေရေးဆွဲပြီး လုပ်ကိုင်နေကြပါတယ်။ ကမ္ဘာရှိ AIDS စီမံချက်တွေ အားလုံးရဲ့ ဦးတည်ချက်တွေကတော့ AIDS ရောဂါအကြောင်း သိသင့်စရာတွေကို သိစေပြီး ပညာပေးခြင်း၊ AIDS မရအောင် ကိုယ်ကိုယ်တိုင် ဘယ်လိုကာကွယ်ဆောင်ရွက်နိုင်တယ် ဆိုတာတွေနဲ့ အခြားသူများကို AIDS ဘယ်လို ကာကွယ်ရမယ်ဆိုတာတွေကို ထပ်ဆင့် ပညာပွားပေးဖို့ပဲ ဖြစ်တယ်။
အိတ်ခ်ျအိုင်ဗွီပိုးရှိသူ အမျိုးသမီးများအနှင့် အလုပ်ရှင်များအကြား အလုပ်ခန့်ပေးရေး ဆွေးနွေးမည်
အဖွဲ့အစည်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံအလုပ် ရုံများတွင် လုပ်ကိုင်လျက်ရှိသော အိတ်ခ်ျအိုင်ဗွီပိုးရှိ အမျိုးသမီး များ နေထိုင်မ ကောင်းဖြစ်ခြင်းကြောင့် ခွင့်ယူခြင်းကိုလည်း အလုပ်ရှင်များက နားလည်မှုပေးရန်နှင့် လုပ်ဖော်ကိုင်ဖက်များကလည်း နှိမ့်ချခြင်း မပြုရန် ယင်းစက်ရုံ အလုပ်ရုံများသို့ ယခုလအတွင်း လိုက်လံဆွေးနွေး အသိပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
AIDS နှင့် မြန်မာ (၂)
မြန်မာမှာကတော့ တချို့ ပြည့်တန်ဆာမတွေက ပြည်ပထွက်ပြီး AIDS ပိုးတွေကို အမှတ်မထင် ပြန်သယ်လာတာ။ AIDS ဗိုင်းရပ်စ်ကို သွင်းကုန်အဖြစ် လုပ်ကြတာ။ နောက်ဆက်ပြီး ထပ်ဆင့်ပွားတဲ့ ပုံစံကတော့ အတူတူ ဖြစ်မှာ ပါပဲ။ မြန်မာမှာ ပွားမှုကို အားပေးနေတဲ့ အချက်တစ်ခုကတော့ ဒီလူတွေထဲမှာ ကျန်းမာရေး ပညာပေးမှုကို တွင်တွင် ကျယ်ကျယ် မလုပ်နိုင်အောင် ဟန့်တားနေတဲ့ အခြေအနေတွေ ရှိနေခြင်းပဲ။
ယခုနှစ်တွင် ARV ဆေးတိုး ပေးမည်
”ဆရာတို့ လက်ထဲမှာရှိတဲ့ ဆေးအရေအတွက်နဲ့ HIV ရောဂါရှိသူ အရေအတွက်ပေါ် ချိန်ကိုက်ပြီး ဆေးပေးနိုင်ဖို့ ရည်ရွယ် ထားပါတယ်။ အခု ARV ဆေးလိုအပ်နေတာ ဒီနှစ်ထဲမှာ တစ်သိန်းကျော် ရှိတယ်လို့ ခန့်မှန်းထားပေမဲ့ အနည်းဆုံး ခုနစ်သောင်းခွဲ လောက် ဆေးပေးနိုင်အောင် စီစဉ် ထားပါတယ်”ဟု တိုင်းဒေသကြီး ဆရာဝန်ကြီး ဦးကျော်စိုးက ပြောကြားခဲ့သည်။
အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအား အစိုးရဆေးရုံများမှ မွေးဖွား စရိတ်တောင်းခံပါက ကျန်းမာရေး ဦးစီးဌာနသို့ တိုင်ကြားနိုင်
အိတ်ခ်ျအိုင်ဗွီပိုးရှိသော မိခင်များ ခွဲစိတ်ပြီးမွေးဖွားရာတွင် မီးဖွား စရိတ်အား နှစ်ဆယူလိုက်ခြင်းအားဖြင့် မိခင်မှ ကလေးသို့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်သည့်နှုန်းကို မြင့်မားလာအောင် တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း မြန်မာနိုင်ငံ တစ်ဝန်းမှ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသော အမျိုးသမီး ၃ဝဝဝ ခန့် အဖွဲ့ဝင်ထားသော Myanmar Positive Women Network မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Follow me on: