16
Aug

ဧရာဝတီတိုင်း ဒေသကြီး၌ HIV/AIDS အထူး ဂရုစိုက်ရမည့် ပစ်မှတ်ဖြစ်လာနိုင်ကြောင်း

ဧရာဝတီတိုင်း ဒေသကြီးမှာ ရေလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အထူးသတိထားရန် လိုအပ်နေပြီး ယင်း ရေလုပ်သားများမှာ ထိုင်းနိုင်ငံ ရနောင်းဒေသသို့ သွားရောက်၍ ငါးရောင်းချရာတွင် အကာအကွယ်မဲ့ လိင် ဆက်ဆံမှုများကြောင့် HIV/AIDS ရောဂါများ ကူးစက်နိုင်ပြီး အထူးဂရုပြု နေထိုင်ခြင်းဖြင့် ထိုရောဂါများကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

12
Aug

အသင်းအဖွဲ့ ဥပဒေမူကြမ်း HIV ရောဂါ ကူညီ ကုသသူများ အတွက် အခက်အခဲရှိ

”ဒီဥပဒေ မူကြမ်းမှာ အစိုးရအနေနဲ့ ကာကွယ်လိုစိတ် များနေတယ်။ အသွင်ကူး ပြောင်းတဲ့ကာလ ရောက်နေလို့ အစိုးရကို ဆန့်ကျင်စရာ မရှိပါဘူး” ဟု ၄င်းက မှတ်ချက်ပြုသည်။ Triangle Woman Support မှ ဒေါ်ခင်လေး ကလည်း အဆိုပါ ဥပဒေ မူကြမ်းသည် ပြည်သူလူထု၊ အရပ်ဘက် အဖွဲ့အစည်း၊ လူငယ်၊ တိုင်းပြည် စသည်များကို အကျိုးပြုနိုင်သော ဥပဒေသာ ဖြစ်သင့်ကြောင်း ပြောသည်။

10
Aug

HIV ရောဂါပိုး ကူးစက်ခံ မိန်းကလေးတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက် သင်တန်းဖွင့်မည်

မြန်မာ တစ်နိုင်ငံလုံးရှိ အနယ်နယ် အရပ်ရပ်က (HIV) ရောဂါပိုး ကူးစက်ခံ မိန်းကလေးတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက် စက်ချုပ်ပညာ သင်တန်းကို သြဂုတ်လအတွင်း ဖွင့်မယ်လို့ တောင်ဒဂုံရှိ HIV/AIDS ပြုစုစောင့်ရှောက်ရေး ဂေ ဟာမှ သိရပါတယ်။ ဒီလိုသင်တန်းကို လက်မှုပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင် သာမက စားဝတ်နေရေး အတွက် ရပ်တည်ရာမှာ အခက်အခဲ မရှိအောင်စတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ပေးမယ်လို့ သိရပါတယ်။

6
Aug

တစ်နိုင်ငံလုံးရှိ HIV ကူးစက်ခံထားရသူ အမျိုးသမီးများအတွက် စက်ချုပ် အတတ်ပညာ သင်တန်းဖွင့်မည်

လက်ရှိတွင် HIV/AIDS ပြုစုစောင့်ရှောက်ရေးဂေဟာ ဖွင့်လှစ်ထားသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက တောင်ဒဂုံရှိဂေဟာတွင် သင်တန်းများဖွင့်လှစ် ထားသော်လည်း ယခုပြုလုပ်မည့် သင်တန်းသည် တစ်နိုင်ငံလုံးမှ HIVပိုး ကူးစက်ခံထားရသူ မည်သူမဆို တက်ရောက် သင်ကြားနိုင်မည် ဖြစ်ကြောင်းပြောသည်။

5
Aug

HIV/AIDS ဝေဒနာရှင်များအတွက် အေအာတီ စင်တာအသစ်များ တိုးချဲ့မည်

လာမည့် ၂၀၁၅ ခုနှစ် အကုန်တွင် အစိုးရဆေးရုံကြီး ၆၅ ခုနှင့် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးခန်း ခုနစ်ခုအထိ တိုးချဲ့လုပ်ဆောင်ရန် စီစဉ်ထားကြောင်းနှင့် ယင်းအေအာတီ စင်တာများတွင် ခြောက်လမှ တစ်နှစ်အထိ အေအာတီဆေးဝါးဖြင့် ကုသမှု ခံယူပြီးသော လူနာများအား မြို့နယ်အဆင့် Decentralized ART များသို့ လွှဲပြောင်းပေးပြီး ဆက်လက်ကုသမှု ခံယူစေမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း Decentralized ART sites ၃၀ အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၁၀၁ ခုအထိ တိုးချဲ့သွားရန် လျာထားကြောင်းလည်း သိရသည်။

31
Jul

လိင်လုပ်သားများကို ART ဆေး ဦးစားပေး တိုးမြှင့်ပေးရန် တောင်းဆို

လိင်လုပ်သားများအပေါ် ခွဲခြား နှိမ့်ချ အနိုင်ကျင့်မှုများ ကင်းရှင်း၍ တန်းတူ အခွင့်အရေးများ ရရှိစေရန်၊ HIV ထိခိုက် ကင်းစင်သော လူမှုဘဝ ပတ်ဝန်းကျင် တစ်ခု ပေါ်ပေါက် လာစေရန်အတွက် ၂၀၁၁ ခုနှစ် ဧပြီလတွင် နိုင်ငံတွင်း ဒေသ ကြီး ၁၀ ခုမှ လိင်လုပ်သား ၃၅ ဦးဖြင့် SWiM ကွန်ရက်ကို စတင် ဖွဲ့စည်းခဲ့ ပြီး ယခုနှစ် ပြုလုပ်သည့် တော်ဝင်ခရေအဖွဲ့ (လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ ကွန်ရက်) ၏ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနား ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခုမှ ဒေသ ကိုယ်စားလှယ် ၈၀ ကျော် တက်ရောက်ခဲ့ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရသည်။

19
Jul

HIV ဆိုင်ရာ လူမှုကွန်ရက် အဖွဲ့များ မှတ်ပုံတင်သည့် မူဝါဒများလျှော့ချရန် ကူညီပေးမည်ဟု ဦးရွှေမန်းဆို

လက်ရှိ မြန်မာနိုင်ငံတွင် HIV ကူးစက်ခံထားသည်ကို ရှက်ကြောက်စိတ်ဖြင့် ပုန်းကွယ်နေသူများသည် အချိန်မတိုင်မီ အသက် ဆုံးရှုံးမှုများ ရှိနေရာ မြန်မာနိုင်ငံတွင်းရှိ HIV ဆိုင်ရာ လူမှုကွန်ယက်အဖွဲ့များနှင့် ဆက်သွယ်ကာ အဖွဲ့ဝင်စေ လိုသည်ဟုလည်း ယင်း ကွန်ယက်တစ်ခုဖြစ်သည့် အမျိုးသမီးများ ကွန်ယက် ဥက္ကဋ္ဌ နော်ရဲဝါးက ပြောသည်။

17
Jul

HIV ဆိုင်ရာ လူမှုကွန်ယက် ပေါင်းစပ်အဖွဲ့များက လွှတ်တော် ကိုယ်စားလှယ် များအား တွေ့ဆုံ

ရန်ကုန်မြို့တွင်လည်း မေ၂၁ ရက်နေ့က နိုင်ငံရေးပါတီ ၁၃ ပါတီနှင့် အဆိုပါ HIV ဆိုင်ရာလူမှု ကွန်ရက်ပေါင်းစပ် အဖွဲ့ များ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၁၇ ရက်နေ့ တွင်လည်း ယင်း လူမှုကွန်ရက် ပေါင်းစပ် အဖွဲ့များသည် ပြည်သူ့ လွှတ်တော်သို့ သွားရောက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

15
Jul

HIV ဝေဒနာ ရှိသူများအနက် အိမ်ထောင်ရှင်များ ပိုပြီး အသက်ရှည်

သုတေသန ပြုချက်များအရ အမေရိကန် ပြည်ထောင်စုတွင် အိမ်ထောင်ကျပြီး သူများ၏ ၄၀ ရာခိုင်နှုန်းခန့်သည် အိမ်ထောင်များ ပြန်ကွဲတတ်ရာ HIV/AIDS ဝေဒနာ စွဲကပ်နေသူများ အနက် အိမ်ထောင်ရှိသူ ဝေဒနာရှင် များသည် အသက် ပိုရှည်လေ့ ရှိကြောင်း International Journal of Infectious Diseases ဂျာနယ်တွင် ဖော်ပြ ရေးသားထားသည်။

5
Jul

ဂရိ HIV ပိုးစစ် ဥပဒေ

ဂရိ နိုင်ငံမှာ HIV ကူးစက်နှုန်း မြင့်မား နေတာကို ထိန်းချုပ်ဖို့ ဒီဥပဒေကို မနှစ်က ပြဌာန်း ပြီးသား ဖြစ်ပေမယ့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ကန့်ကွက် တိုက်ပွဲ ဆင်ခဲ့လို့ နောက်ပြန်ဆုတ် သွားခဲ့တာ ဖြစ်ပါတယ်။

8
Jun

ILO တွင် HIV/AIDS အစီအစဉ် အတွက် ကူညီရေး ၀န်ထမ်းများ လိုအပ်

ကူညီရေး အဖွဲ့ဝင်များသည် HIV ကူးစက်ခံရသူ လူနာများကို နှစ်သိမ့်ဆွေးနွေး ပညာပေးမှုမျာနှင့် လိုအပ်ပါက ဆေးဝါး ကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေး ရမည်ဟု အိုင်းအယ်လ်အိုက ပြောကြားခဲ့သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှ အလုပ် သမား ၀န်ကြီးဌာနများ၊ အလုပ်သမားများနှင့် အလုပ်သမား အဖွဲ့အစည်း များအား ခေါ်ယူပူးပေါင်းကာ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

4
Jun

ကူးစက်မြန် ခုခံအား ကျဆင်းတဲ့ ရောဂါ HIV/AIDS

HIV ပိုး ဆိုပြီး ဆေးစစ်ချက်ထွက်လာတော့ တုန်လှုပ်ကြတာပေါ့။ မကြောက်တဲ့ သူကတော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပေါ့။ မဆင်ခြင်လို့၊ မစောင့်စည်းလို့၊ အပျော်လွန်လို့ ဖြစ်ကြ ရတာ။ ကမ္ဘာပေါ်မှာ ခုခါအား ကျဆင်း တဲ့ လေးလုံးရောဂါ AIDS ကို ပျောက်အောင် ကုသနိုင်တဲ့ ဆေးက မပေါ်သေးဘူး။ ကြိုးပမ်း ဖော်စပ်ကြတုန်းပဲ ရှိပါသေးတယ်။ သေသေ ချာချာ လေ့လာကြည့်ရင် တကယ် ကြောက်စရာ ကောင်းတဲ့ ရောဂါပါ။

Follow me on:

Back to Top