AIDS ရောဂါ ဖြစ်ပွားမှု လျော့နည်း ပပျောက် သုည အဆင့်ထိ ရောက်ရှိရေး သုတေသနပြုလုပ် ခြင်းကို အာဆီယံ နိုင်ငံများရှိ မြို့များတွင် ပြုလုပ်ရန် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက် အရ အာဆီယံ ၈ နိုင်ငံတွင်းရှိ မြို့ ၁၃ မြို့တွင် သုတေသန ပြုလုပ်ရန် သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။
AIDS ဖြင့် ကွယ်လွန်သူ များ အောက်မေ့ဖွယ် ဒေါ်စု တက်ရောက်
“အခုလို အမေစုက အားပေးစကားတွေ၊ တိုက်တွန်းစကားတွေ လာပြောတော့ အင်မတန် အားရပါတယ်။ ကျနော်တို့ မျှော်လင့်ရကျိုးလည်း နပ်ပါတယ်။ အမေစု တိုက်တွန်း သလိုမျိုး ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။” ဟု လူမှုကွန်ယက်အဖွဲ့မှ ဆုတောင်းပွဲ တက်ရောက်သူတစ်ဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ပြည့်တန်ဆာ ဈေးကွက် ဖော်ဆောင်မည်
လက်ရှိ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေသူ မစု (အမည်လွဲ) က ဝင်ငွေ လမ်းကြောင်းဖြောင့်လာနိုင်ပြီး နိုင်ငံတကာ ဈေးကွက် ဝင်ဆံ့နိုင်လာသည့် အတွက် မစတင်မီကပင် ကြိုတင် ရင်ခုန်မိနေကြောင်း ဘုရင့်နောင်ရှိ တည်ခိုခန်း တစ်ခုတွင် ပြောသည်။ ”နိုင်ငံခြားသားတွေနဲ့ ဆိုတော့.. .ဟိဟိ ရင်ခုန်စရာကြီး” ဟု မစုက ဆိုသည်။
ကလေးသူငယ် လိင်စော်ကားမှု
ကလေးတွေကို လိင်မှုဆိုင်ရာ မဖွယ်မရာသတင်းတွေ (ဂူဂယ်လ်) မှာ ရိုက်ရှာရင် တသီတတန်းကြီး တွေ့ပါလိမ့်မယ်။ ဗာတီကန်စီတီး၊ ပင်တာဂွန်၊ ဟောလိဝုဒ်၊ နာမည်ကြီး ထိပ်သီးတွေပါနေတယ်။ သူများတွေဆီမှာ အဲလောက်တောင် ဖြစ်နေသလား၊ မကဲ့ရဲ့ပါနဲ့။ ကိုယ့်ဆီမှာ ဂူဂယ် ရှာဖွေအင်ဂျင်က ဝင်မရလို့သာ လူမမယ် မြန်မာကလေးတွေ ဘယ်လောက်ထိ စော်ကားမှုခံနေရသလဲ မသိနိုင်တာသာ ဖြစ်ပါမယ်။
ဒဂုံ အရှေ့ပိုင်း၌ PLHIV Care Centre ဖွင့်လှစ်ရန် စီစဉ်
နေအိမ် ငှားရမ်းခြင်းများ ပြုလုပ်ပေးခဲ့သော်လည်း အာဏာပိုင် အချို့၏ နှောက်ယှက်ခြင်းကြောင့် အဆိုပါ နေရာများမှ မဖြူဖြူသင်း၏ နေအိမ်သို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းရွှေ့ ကာ ဂေဟာ တစ်ခု အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဒဂုံအရှေ့မြို့နယ်နှင့် တောင်ဒဂုံမြို့နယ်များ၌ ဂေဟာ အသစ်များထပ်မံ ဖွင့်လှစ်ခဲ့သည်ဟု သိရှိရသည်။
တစ်နှစ်တာရဲ့ အဓိပ္ပါယ် ပြည့်ဝစွာနဲ့ မေ
HIV/AIDS နဲ့ပတ်သက်ပြီး နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲတော်များအနက် ဒီဇင်ဘာ တစ်ရက်နေ့မှာ ကျင်းပတဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ကို လူသိများကြပြီး မေလ အတွင်းမှာ ကျင်းပလေ့ ရှိတဲ့ အောက်မေ့ သတိရဖွယ် မီးထွန်းပွဲကိုတော့ လူသိ နည်းသေးပါတယ်။ ကမ္ဘာ တစ်ဝန်းမှာတော့ မေလရဲ့ တတိယပတ် တနင်္ဂနွေမှာ ကျင်းပဖို့ သတ်မှတ် ထားပေမယ့် ဒေသအလိုက် အဆင်ပြေ သင့်လျော်တဲ့ အချိန်မှာလည်း ကျင်းပတတ်ကြပါတယ်။
ကွန်ဒုံး မဆောင်ရဲခြင်းကြောင့် HIV/ADIS ကူးစက်မှုနှုန်း မြင့်မားနိုင်
မြန်မာနိုင်ငံတွင် HIV/AIDS နှင့် ပတ်သက်၍ WHO မှ ထုတ်ပြန်ချက် အရ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း HIV ကူးစက်သူ ဦးရေ ၂၄၀၀၀၀၊ AIDS ဖြစ်ပွားသူ ဦးရေ ၁၂၀၀၀၀ နှင့် HIV/AIDS ကြောင့် သေဆုံးသူ ဦးရေ ၁၅၀၀၀ ရှိကြောင်း သိရှိရသည်။
ART ကုထုံး လိုအပ်နေသည့် ကချင်ပြည်နယ်ရှိ အိတ်ခ်ျအိုင်ဗီ လူနာ ၄၀ ခန့် ဒုက္ခသည် စခန်းများတွင် တိမ်းရှောင်နေရ
အေအာရ်တီဆေးဝါး ကုထုံးဖြင့် ကုသရန် လိုအပ်လျက်ရှိသည့် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူ ၄၀ ဦးခန့်သည် ကချင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွဲ များကြောင့် ဒုက္ခသည် စခန်းများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း Myanmar Positive Group (MPG) ဥက္ကဋ္ဌက ပြောသည်။
“ဒီချုပ် အေ့ဒ်စ်ဂေဟာ လူနာ မဆံ့တော့၍ အသစ် ထပ်မံတည်မည်”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေး ဂေဟာများ၌ လူနာများလာသည့် အတွက် အနည်းဆုံး လူဦးရေ ၃ဝဝ ဆံ့သည့် ဂေဟာအသစ် ထပ်မံ ဆောက်လုပ် သွားမည်ဟု ၄င်းစင်တာမှ မနန္ဒာလင်းက ပြောသည်။
ခရေပန်းဟာ အနွမ်းပန်း မဟုတ်ပါ
ကျွန်မ စိတ်ဝင်စားသွားပြီး အကြောင်းရင်း မေးကြည့်တော့ NGO အဖွဲ့က HIV ဝေဒနာ ရှိသူတွေကို နှစ်သိမ့် ဆွေးနွေး ပညာပေးရင်း ဆေးနဲ့ဆန် အခမဲ့ ဝေငှတယ် လို့ပြော ပါတယ်။ ကျွန်မ စိတ်ဝင်စား သွားပါပြီ။ မသိ မသာ ထိုလူများကို ကြည့်လိုက်တော့ အသက်လေးဆယ်အောက် အမျိုးသား၊ အမျိုးသမီး များသာ တစ်ဦးချင်းလည်း ပါသလို လင်မယား စုံတွဲတွေလည်း ပါတယ်။ မကြာပါဘူး ဆန်ထုပ် ကိုယ်စီထမ်းပြီး ထွက်သွား ကြတော့တယ်။
အမေ့ခံ ပုံရိပ်နဲ့ HIV ဝေဒနာရှင်
စဖြစ်ချိန် ကာလကတော့ စိတ်ဓာတ်ကျပေမယ့်လည်း ကိုယ့်အတွက် ကိုယ့်မိသားစုတွေ စိတ်မဆင်းရဲ စေချင်ဘူး.. ကိုယ့်အသိုင်း အဝိုင်းကိုလည်း ကိုယ့်အတွက်နဲ့ အရှက်မရစေချင်ဘူး.. ဆိုတဲ့ စိတ်နဲ့ အားတင်းပြီး နေခဲ့ ပါသေးတယ်.. အားတင်းယူရတဲ့ အကြောင်းကတော့ တစ်ဦးတည်သော သမီးလေးကြောင့်ပေါ့… သမီးလေး တစ်ယောက်ရှိတယ် .. ဒီသမီးလေးအတွက် ဘဝမှာ ရှင်သန်မှ ဖြစ်မယ်…ဆိုတဲ့ စိတ်နဲ့ အားတင်းပြီး ဘဝကို ရုန်းကန်ခဲ့တာပါ…
ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ FED ဦးဆောင်ကျင်းပ
မယ်တော်ဆေးခန်းမှ AIDS ဝေဒနာရှင်တဦးက “ကျွန်တော့်မှာ ဒီရောဂါရှိတာ လေးနှစ်ရှိ နေပါပြီ။ ဒီမယ်တော် ဆေးခန်းမှာဘဲ သွေးစစ်ပြီး စသိခဲ့တာပါ။ ကျွန်တော် သိသိချင်း တုန်လှုပ်သွားပါတယ်။ လူကြားထဲမှာ ဘယ်လိုနေရမလဲလို့ တွေးမိ၊ ရှက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော် ထင်သလို မဟုတ်ခဲ့ဘူး လူတွေက ကျွန်တော့်ကို ပုံမှန်ဘဲ ပြောဆို ဆက်ဆံကြတယ်။ အားပေးကြတယ်။

Follow me on: