သုတေသန ကျကျနန လုပ်နေတဲ့ အမေရိကားမှာဆိုရင် စအိုလမ်းနည်း လိင်ဆက်ဆံမှုနဲ့ (ဗဂျိုင်းနား) ကနေ လိင်ဆက်ဆံမှုတွေကနေ ကူးစက်တာ အများဆုံးလို့ သိရတယ်။ နောက်များတာ တခုက ဆေးထိုးအပ်ကနေ ကူးတာ ဖြစ်တယ်။ ပါးစပ်ကို လိင်ဆက်ဆံရာ သုံးတာနဲ့ မိခင်ကနေ ကလေးကို မွေးနေတုံးဖြစ်ဖြစ် နို့တိုက်လို့ ဖြစ်ဖြစ်၊ ထမင်း ဝါးခွံတာကနေဖြစ်ဖြစ် ကူးစက်တာ နည်းတယ်။ ကျန်နည်းတွေကတော့ မသန့်တဲ့ သွေးနဲ့ သွေးနဲ့ဆိုင်တာတွေ သွင်းတာ၊ အင်္ဂါ အစားထိုးတာတွေ ကနေကူးတယ်။ ဆေးရုံနဲ့ ကျန်းမာရေး ဌာနမှ အလုပ်လုပ်သူတွေကိုလဲ အပ်၊ ဓား စတာတွေ ကနေတဆင့် ကူးစက်နိုင်တယ်။
Hepatitis B vaccine ဘယ်ကနေထုတ်သလဲ
HIV ကို မသိကြသေးချိန်မှာ ဖြစ်တယ်။ အဲဒီကာလမှာသုံးတဲ့ Hepatitis B surface proteins ဆိုတာထဲမှာ HIV ပါကောင်း ပါနေနိုင်တယ်။ ဆေးထုတ်ပြီးစ လူနာအများစုကို စမ်းသပ်တဲ့ ကာလမှာ AIDS epidemic ရောဂါများတာ အတွက် အပြစ်ဖို့ခဲ့ကြတယ်။ ဘီပိုး ကာကွယ်ဆေးထဲမှာ HIV ပါနေမလားလို့ မေးခွန်း ထုတ်နိုင်ပေမဲ့ ကင်းစင်တယ်လို့ လက်ခံ ထားကြပါတယ်။ Purification process ဆေးသန့်စင်ရေးဖြစ်စဉ်ကနေ ရှိရှိသမျှ ဗိုင်းရပ်စ်တွေ အားလုံးကို သေစေခဲ့တာမို့ HIV ပိုးလဲ ပါခဲ့အုံးတော့ သေပြီ။ ၁၉၈၁ မှ ဘီပိုး ကာကွယ်ဆေးကို အသိအမှတ်ပြုခဲ့ပါတယ်။
HIV Summary (အိတ်ခ်ျအိုင်ဗွီ) အတိုချုပ်
ပါးစပ်သုံး လိင်ဆက်တာကနေ ကူးသလား၊ လက်ခံသူဖြစ်ဖြစ် ပြုလုပ်ပေးသူဖြစ်ဖြစ် ကူးမယ်။ ထုံးစံလမ်းသုံး လိင်ဆက်ဆံနည်း လောက်တော့ အဖြစ်မများဘူး။ ပါးစပ်နဲ့ လည်ချောင်းတဝှိုက်မှာ အနာအဆာ ရှိရင် ပိုဖြစ်နိုင်ခြေ များမယ်။ သုတ်ရည်ကို ပါးစပ်ထဲ ထုတ်မိရင် ပိုဖြစ်နိုင်ခြေ များမယ်။ (STD) ရှိနေရင် ပိုဖြစ်နိုင်ခြေ များမယ်။
ညစ်ညမ်းဆေးတွေ
ဆေးအရည် ပုလင်းငယ်လေးတွေပါ။ ၁၅-၂ဝ (စီစီ) သာပါလို့ ထိုးဆေးပုလင်း အတိုင်းပါဘဲ။ မိန်းကလေး တယောက်ကို ဖျားယောင်းသွေးဆောင်ဘို့ရာ (သားကာင်းကို ကျော့ကွင်းထောင်ဘို့ရာ) ဆေး ၁ဝ-၁၅ စက်သာလိုပါတယ်။ “ညီမလေး အအေးလေး သုံးဆောင်ပါအုံး” ဆိုပြီး တစိမ်းယောက်ျားဖြစ်ဖြစ် သမီးရည်းစားကဖြစ်ဖြစ် သဘောကောင်းချင်ယောင်နဲ့ တိုက်လာရင် သတိထားပါလေ။ ငါးမျှားချိတ်ကိုမမြင်ကြဘဲ စားစရာသာမြင်လို့သာ ငါးတွေဟာ တငါသည်ဖမ်းတာ ခံကြရတာပါ။
HIV/AIDS နောက်ဆုံးရ သတင်း
တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူ အသစ်ပေါင်း ၂့၃ သန်းရှိတယ်။ ၂ဝဝ၁ နဲ့စာရင်တော့ ၃၃% ကျလာတယ်။ ကလေးတွေမှာလဲ ၅၂% လျော့နည်း လာတာဖြစ်တယ်။ သေဆုံးသူကလဲ ၃ဝ% ကျဆင်းတယ်။ ၂ဝဝ၅ တုံးက အများဆုံး သေဆုံး ခဲ့ရတယ်။ ၂ဝ၁၂ အကုန်မှာ ဝင်ငွေနည်းနဲ့ ဝင်သွေမများတဲ့ နိုင်ငံတွေမှာ ဆေးရရှိသူ အရေအတွက်ကို ၉့၇ သန်း ရှိအောင် ရည်မှန်းထားခဲ့တယ်။ HIV နဲ့ TB တွဲဖြစ်နေသူတွေရဲ့ သေဆုံးမှုက ၂ဝဝ၄ ကနေတွက်ရင် ၃၆% ကျလာတယ်။
(ကွန်ဒွမ်) မျိုးဆက်သစ်လာတော့မည်
ဆေးဘက်ဆိုင်ရာ နည်းပညာက (မတ်ခ် မက်ဂလိုသလင်) ကနေလဲ နွားအရွတ်ကနေ လုပ်မဲ့ ယောက်ျားသုံး (ကွန်ဒွမ်) သစ်တခု ထုတ်လုပ်ဘို့ ရံပုံငွေလဲ ချီးမြှင့်ခံရပါသေးတယ်။ (ကိုလာဂျင် ဖိုင်ဘာ) အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားက သက်ရှိအရာနဲ့ တူလို့ အပူချိန် အပြောင်းအလဲကို ဖြစ်စေပြီး သဘာဝနဲ့ ပိုနီးစပ်ပါမယ်။
ဆက်ဆံရာမှာ ပါးစပ်သုံးခြင်း
လိင်ကတဆင့် ကူးစက်ရောဂါရဘို့ နှိုင်းယှဉ်ရင် အန္တရာယ် နည်းတယ်။ ဗဂျိုင်းနားနဲ့ စအိုလမ်းတွေထက် နည်းတယ်။ ကူးစက်ဘို့ မဖြစ်နိုင်တာတော့ မဟုတ်ပါ။ Latex လေးတက်စ် ကွမ်ဒွန်၊ Polyurethane ပေါ်လီယူရီသိန်း ကွမ်ဒွမ်၊ Female condoms အမျိုးသမီးသုံး ကွမ်ွးန်တွေကေ ကူးစက်ဘို့ အခွင့်အလမ်းကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်။ ပြုလုပ်ပေးသူရဲ့ ပါးစပ်နေရာမှာ Cuts ပြတ်ရှတာ၊ Sores အနာအဆာရှိတာ ဆိုရင် ပိုပြီး ကူးစက်လာစေနိုင်တယ်။ Ejaculation သုက်ရည်ကို ပါးစပ်ထဲထည့်ရင်လဲ အတူတူဘဲ။
သားအိမ်အဝ
သားအိမ်ဝဟာ မဟဘဲ ပိတ်ထားသလိုနေပေမဲ့ မျက်စိနဲ့ မမြင်နိုင်အောင်သေးတဲ့ ပိုးတွေ ကောင်းကောင်း ဝင်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆိုရင် ကလေးက ရေမွာအိပ်ထဲနေလို့ လုံခြုံတယ်။ ရေမွာ အိတ်စောပေါက်သူတွေကို မြန်မြန် မွေး လာအောင် လုပ်ပေးရတယ်။ အချိန်ကြာရင် ပိုးဝင်တာနဲ့ အာဟာရနည်းတာ ကလေးမှာဖြစ်လာစေနိုင်တယ်။
ကလေးသူငယ်တွေအတွက် လိင်ကျန်းမာရေး
ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွါးရေး အခြေအနေတွေနဲ့ ကိုက်ညီတာတွေကို မြန်မာနိုင်ငံ သားတွေ ကိုယ်တိုင်ကနေ တိုင်ပင်ဆွေးနွေးတာတွေ အဆင့်ဆင့်လုပ်ကြပြီးမှ အကောင်းဆုံးကို ဆန်ကာတင် ရွေးသင့်ပါတယ်။ ဒီအရေးကိစ္စမှာ တိုင်းတပါးသားတွေ ဆီက အကြံဥာဏ် အကူအညီမလို ဘူးထင်ပါတယ်။
အသဲရောင် (စီ) ဘယ်လိုကုသလဲ
လိင်ကတဆင့်ကူးတဲ့ HIV ပါရှိနေသူဆိုရင် Acute infection စောစောပိုင်းကတည်းက ကုရင်ကောင်းတယ်။ Mild liver disease အသဲရောဂါ နည်းနည်းလေးသာ ရှိနေသူတွေ ဆေးမလိုသေးပါ။ Moderate liver damage အသဲရောဂါ အသင့်အတင့် ဆိုးလာသူတွေက Cirrhosis အသဲခြောက်တာ ဆက်ဖြစ်စရာများလို့ ဆေးကုသရမယ်။
HIV ပိုးနဲ့ မွေးလာခဲ့တဲ့ ကလေးမလေး တစ်ယောက် ရောဂါပျောက်
ကျွန်မ သူငယ်ချင်း တစ်ယောက် လွန်ခဲ့တဲ့ ၇ နှစ်လောက်က HIV positive ဖြစ်ပါတယ်။ နောက် ဆေး မှန်မှန်သောက်ရင်း မနှစ်က ဆေးစစ်တော့ HIV negative ဖြစ်နေ ပါတယ်။ ထပ်ခါထပ်ခါ စစ်တာလဲ ဒီအဖြေ ပါပဲ။ သူ့ အမျိုးသမီးကလဲ negative ပါပဲ ဆရာ။ HIV ကို ပျောက်နိုင်တဲ့ ဆေးမရှိဘူးလို့ သိထားတော့ ဒါက ဘယ်လိုဖြစ်တာပါလဲ။
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဘယ်လို ကုသမလဲ
STDs လိင်လမ်းကကူးစက်တာမျိုးဆိုရင် ပဋိဇီဝ ပိုးသေဆေး တမျိုးမက လိုမယ်။ ဆေးကို လက္ခဏာ သက်သာသေမဲ့ ဆေးပါတ်လည်အောင် သောက်ရမယ်။ လက်မှတ်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေက ပိုးကိုတော့ သေစေမှာ မဟုတ်ဘူး။ ဥပမာ Uristat, Phenazopyridine, Pyridium, Urogesic နာတာကို သက်သာစေတယ်။

Follow me on: