19
Sep

SIV ရောဂါပိုး ကာကွယ်ဆေး ဖော်ထုတ်နိုင်ပြီ

SIV ရောဂါပိုးသည် HIV နှင့် အလားတူ ရောဂါပိုး တစ်မျိုးဖြစ်ပြီး အဆိုပါ ရောဂါပိုး မ၀င်ရောက်နိုင်ရန် ကာကွယ်ဆေးကို ထုတ်ဖော် စမ်းသပ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးထိုးခဲ့သည့် မျောက်များ အနက် ၅၀% မှာ ရောဂါ ကူးစက်မခံရကြောင်း Oregon Health and Science University မှ သုတေသီ Louis Picker မှ ပြောကြားခဲ့သည်။

16
Sep

မှီခိုနေရတဲ့ ဘ၀မျိုးကို မကြိုက်ဘူး ကျွန်မတို့ အမျိုးသမီးတွေကို အလုပ်အကိုင် ဖန်တီးပေးဖို့ လိုတယ်

HIV ပိုးကူးစက်ခံထားရသူတွေလို့ ပြောလိုက်တာနဲ့ ဒီနေ့ခေတ်မှာ သိပ်ရေပန်းမစားလှတဲ့ ရိုးအီနေတဲ့ အကြောင်းတွေပဲ များပါ လိမ့်မယ်။ ပြီးတော့ HIV ကူးစက်ခံထားရသူတွေရဲ့ အရေးကိစ္စတွေဟာ ဒီနေ့မှာ လူတော်တော် များများ မေ့မေ့ပျောက်ပျောက် ရှိနေလောက်ပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ ဘ၀တွေ၊ နောက်ထပ် နေထိုင်သွားရမဲ့ သူတို့ရဲ့ လက်ကျန် အချိန်တွေနဲ့ ပတ်ဝန်းကျင်တွေမှာ ဘယ်လိုအသက်ရှင် နေထိုင်ကြ သလဲ။ သူတို့ရဲ့ ပြောရေး ဆိုခွင့်ဆိုတာ ဘယ်နေရာ ရောက်နေပြီလဲ။

14
Sep

HIV ဝေဒနာရှင်တွေ အတွက် ဆေးဝါးရရှိမှု မလုံလောက်တဲ့ သတင်း

လတ်တလောမှာ HIV ဝေဒနာရှင်တွေ အတွက် HIV တားဆီး ကာကွယ် တိုက်ဖျက်ရေးတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေမှလည်း INGO တွေနဲ့ ချိတ်ဆက်ကာ ဆေးဝါးများ ပေးဝေနေပြီး အစိုးရဆေးရုံများမှ ခုခံကျ ကာလသား တိုက်ဖျက်ရေး စီမံချက် (National AIDS Program) တွေမှာလည်း ဆက်သွယ်ကာ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေကို ရရှိနိုင်ကြောင်း သိရှိရတယ်လို့ သတင်းရရှိပါသည်။

13
Sep

သမီးရည်းစား အဆင့်ကနေ ကျော်ဖို့နှစ်ယောက် စလုံး အသင့်ဖြစ်ပြီလား (နောက်ဆက်တွဲ)

လူငယ်တွေမှာ HIV ကာကွယ်ဖို့ အတွက် အသိပညာလို့ ပြောတော့ တကယ်တမ်းပြောရင် ဟိုအရင်ကထက် စာရင်အသိပညာက ဒီလောက်ကြီး မနိမ့်တော့ဘူး။ အဲဒီတော့ အသိပညာ ဗဟုသုတ Level ကို စစ်ကြည့် လိုက်လို့ ရှိရင် သာမန်လောက်ကို သိတယ်ဆိုတဲ့ အနေအထားက ၈ဝ ရာခိုင်နှုန်းကျော် ရှိတယ်။ ဒီထဲမှာ ထဲထဲဝင်ဝင် ဂဃနဏ သိတယ်ဆိုတာ ၄ဝ၊ ၅ဝ ရာခိုင်နှုန်း ကြားမှာရှိတယ်။ HIV လို့ပြောရင်သာမန်သိလို့ မရဘူး။ ထဲထဲဝင်ဝင် ဂဃနဏသိမှ ရမယ်။

13
Sep

သမီးရည်းစား အဆင့်ကနေ ကျော်ဖို့နှစ်ယောက် စလုံး အသင့်ဖြစ်ပြီလား

ဘယ်လောက် အတိုင်းအတာအထိ သူကာကွယ်ထားလဲ ပေါ်မူတည်ပြီး သူသည် HIV ကင်းမကင်း မသေချာတော့ဘူး။ ဒါ့အပြင် တခြား ဒီမိန်းကလေး အပြင် တခြားအပြင်မှာ အပျော်အပါးလိုက်စား၊ မစားဆိုတာလည်း မသေချာဘူး။ ဒီလိုမျိုး ယောက်ျားလေးမှာ HIV ပိုးကူးနိုင်တဲ့ အန္တရာယ်ရှိ နိုင်တယ်။ HIV ရှိနေတယ် ဆိုတာကို မိန်းကလေးက မသိရင် မိန်းကလေးက HIV ကူးသွားနိုင်တယ်။

12
Sep

HIV ရောဂါပိုး ကာကွယ်နိုင်တဲ့ ဆေး တွေ့တော့မှာလား

အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သိပ္ပံပညာရှင်တွေက HIV နဲ့ အလားတူတဲ့ ရောဂါပိုး တမျိုး ဖြစ်တဲ့ SIV ရောဂါပိုးကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေး တမျိုးကို မျောက်တွေမှာ စမ်းသပ် ကြည့်ခဲ့ရာမှာ ထိရောက်မှု ရှိတာ တွေ့ရပါတယ်။

12
Sep

ဆေးမသောက်ရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ (အမေးအဖြေ)

HIV ပိုး ရှိနေသူတွေမှာ စီဒီဖိုး အရေအတွက် ကျဆင်းလာတာနဲ့ အမျှ ခုခံအား ကျဆင်း လာပါတယ်။ ဒီအခါမှာ ပြင်ပက အခွင့်ကောင်းစောင့် ရောဂါတွေဖြစ်တဲ့ တီဘီရောဂါ၊ ရေယုံ၊ ၀မ်းပျက်ဝမ်းလျှော၊ မက်ခရု စတာတွေ ဖြစ်တတ်ပါတယ်။ သာမန်လူမှာ ကုရလွယ်ပေမယ့် HIV ရှိသူတွေမှာ ခုခံအား ကျနေတော့ ဒီရောဂါတွေက ကုရတာ အချိန် ပိုယူရ ပါတယ်။ နောက်ဆုံး ဘာဆေးမှ မသောက်ပဲ နေရင် ခုခံအား လုံးဝကျသွားတဲ့ အဆင့် AIDS အဆင့် ရောက်သွားရင် အိပ်ယာထဲ လဲသွားနိုင်ပါတယ်။ ဒီအခါမှ ရောဂါ သည်လို ဖြစ်သွား မှာပါ။

12
Sep

ART ဆေး ပြောင်းသောက်သင့် သလား (အမေးအဖြေ)

ဆေးပြောင်း/မပြောင်း အကြံမပေးခင်မှာ ကျနော်တို့ ဘက်က သိချင်တာလေးတွေ ရှိပါတယ်။ (၁) လက်ရှိမှာ မိတ်ဆွေက ART ဆေးကို ကိုယ်ပိုင် ၀ယ်သောက်နေတာလား (သို့) အန်ဂျီအိုတွေကနေ ဆေးရရှိနေတာလား။ (၂) ART ဆေးသောက်ပြီးတည်းက ဘယ်ဆရာဝန်နဲ့ ပုံမှန်ပြပါသလဲ။ ဆိုလိုတာက မိသားစု ဆရာဝန်နဲ့ တိုင်ပင်တာလား (သို့) အန်ဂျီအိုက ဆရာဝန်နဲ့လား (သို့) HIV specialist ဆရာဝန်နဲ့ ပြတာလား။

10
Sep

HIV (သို့မဟုတ်) HPV ကူးစက်ခံနေရပြီလား (အမေးအဖြေ) နောက်ဆက်တွဲ

HIV ပိုး ရှိတဲ့ လူနာ တွေမှာ အရေပြား ပြဿနာတွေ ဖြစ်တယ်လို့ ကြားဖူးပါတယ်။ ဘယ်လို အရေပြား ပြဿနာတွေ လည်းဆိုတာ ဗဟုသုတ အနေနဲ့ ရှင်းပြပေး ပါလား။ နောက်ပြီး ကျနော်က ဆေးလိပ် သောက်တတ်ပါတယ်။ အရင်က မမောတတ်ပါဘူး၊ အခုနဲနဲလေး လှုပ်ရှားတာနဲ့ မောသလို ဖြစ်ပါတယ်။ ကိုယ်အလေးကလည်း တတ်လာတယ်ဆိုတော့ သို့လောသို့လော အတွေးမျိုးစုံနဲ့ပါ။

9
Sep

HIV ဆေး အတွဲသစ်နဲ့ မြန်မာနယ်စပ်က အဖြစ်အပျက်

HIV ဆေးကို နောက်ဆုံး WHO ကသတ်မှတ်ချက်ဟာ CD4 အရေအတွက် ၅ဝဝ အထိကျနေသူတိုင်းကို ARVs/ARTs ဆေးပေးဘို့ လမ်းညွှန်ချက် ထုတ်ထားပြီးပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အဟောင်းအတိုင်း CD4 350 အထိ ကျနေသူတွေကိုသာ ဆေးပေးဘို့ မူရှိနေပါသေးတယ်။ မူရှိပေမဲ့ လူတိုင်းဆေး မရကြသေးပါ။ ပိုဆိုးတာက နယ်စပ်မှာ အပြင်ဖိအားတွေရှိနေတာမို့ CD4 200 အထိကျနေမှသာ ဆေးပေးရတဲ့အဖြစ်မျိုးရှိနေပါသတဲ့။

30
Aug

ကွန်ဒုံး မသုံးခဲ့ခြင်းကြောင့် အမေရိကန် အပြာမင်းသမီး နောင်တရ

လယ်သာနှင့် မရိုက်ကူးမီ ဇင်ဒါကိုဗတ်စ်က အခြားအပြာကား ဇာတ်ဝင်ခန်း တစ်ခု၌ ကွန်ဒုံး မသုံးဘဲ ကာမစပ်ယှက်ခဲ့သည့် အပြာ မင်းသမီး ကင်မရွန်းဘေးမှာ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရပြီဖြစ်ကြောင်း ဩဂုတ်လ လယ်တွင် အဆိုပါ မင်းသမီးကိုယ်တိုင် ထုတ်ဖေါ်ပြောကြားခဲ့ရာ လယ်သာမှာ အကြီးအကျယ် တုန်လှုပ်သွားရုံမျှမက ထိုသတင်းကြောင့် အပြာကား ထုတ်လုပ်ရေး လုပ်ငန်းကိုလည်း အာဏာပိုင်များက ချက်ချင်း ရပ်ဆိုင်းလိုက်သည်။

29
Aug

HIV (သို့မဟုတ်) HPV ကူးစက်ခံနေရပြီလား (အမေးအဖြေ)

အခုပြောပြတဲ့ ရောဂါ လက္ခဏာတွေက allergic dermatitis လို့ခေါ်တဲ့ အရေပြားနဲ့ ဓာတ်မတည့်တဲ့ ပုံစံတူနေပါတယ်။ အရေပြားနဲ့ မတည့်တဲ့ ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ၊ မှိုပိုးတွေ၊ ဖုန်မှုန့်တွေ စတာတွေက အရေပြားမှာ အဖုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါက HIV ပိုးရှိတဲ့ လက္ခဏာတွေထဲမှာ မပါဝင်ပါဘူး။ သာမန် အရေပြား ရောဂါဖြစ်ဖို့ များပါတယ်။ ဒါကြောင့် နီးစပ်ရာ အရေပြားဆရာဝန်နဲ့ တိုင်ပင်စေချင် ပါတယ်။

Follow me on:

Back to Top